Our Policies
အဆင်မပြေသောပစ္စည်းများ
ဆိုင်မှ ဝယ်ယူပြီးနောက် စက်တွင်းအမှား (Error) တစ်စုံတစ်ရာဖြစ်သောပစ္စည်းများအတွက် ငွေပြန်အမ်းမပေးပါ။
သို့သော် အာမခံအခြေအနေအပေါ်မူတည်၍ အမျိုးအစားတူပစ္စည်း လဲလှယ်ပေးခြင်း သို့မဟုတ် ပြုပြင်ပေးခြင်း စသဖြင့် လုပ်ဆောင်ပေးပါမည်။
ပစ္စည်းအာမခံနှင့် လဲလှယ်ပေးမှု
ဝယ်ယူပြီးနောက် စက်တွင်းအမှား (Factory Defect) ဖြစ်ပါက ဝယ်ယူသည့်နေ့မှ ၃ ရက်အတွင်း အမျိုးအစားတူပစ္စည်း သို့မဟုတ် အခြားကုန်ပစ္စည်းဖြင့် လဲလှယ်ပေးပါမည်။
အာမခံပါဝင်သော Accessories Brand များတွင် အဆင်မပြေမှု ဖြစ်ပါက သက်ဆိုင်ရာ Brand နှင့် ညှိနှိုင်းပြီး အသစ်ပြန်လည်ပေးခြင်း သို့မဟုတ် ပြုပြင်ပေးခြင်းများ ပြုလုပ်ပေးပါသည်။
Mobile Phone များအတွက်လည်း အာမခံပါဝင်သော Company Brand များမှ ဝယ်ယူပြီးနောက် အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ Company နှင့် ညှိနှိုင်းပြီး အဆိုပါ Company ၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုလုပ်ဆောင်ပါမည်။ စက်တွင်းအမှား (Hardware Error) မှန်ကန်ပါက အသစ်တစ်လုံး ပြန်လည်လဲပေးပါမည်။












